ကုန်စိမ်းများတင်ဆောင်လာသည့်ယာဉ် ဓာတ်တိုင်အားဝင်တိုက်မိပြီး ချောက်အတွင်းထိုးကျတိမ်းမှောက်

ရေတာရှည် ၂၂ ဩဂုတ် 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့မြောက်ဘက်တွင် ဩဂုတ် ၂၂ ရက် နံနက် ၆ နာရီခန့်က ကုန်စိမ်းများတင်ဆောင်လာသော ၆ ဘီးယာဉ်တစ်စီး အရှိန်လွန်၍ ဓာတ်တိုင်အား ဝင်တိုက်မိပြီး ကားလမ်းအနောက်ဘက်ရှိ ပေ ၃၀ ခန့်နက်သည့် ချောက်အတွင်းထိုးကျ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ 

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ သာဂရနယ်မြေရဲစခန်းမှ တာဝန်မှူး ရဲအုပ်စိန်သောင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း မြောက်မှတောင်သို့ ဖြိုးမင်းသန့်(ခ)ကိုဖြိုး (၂၇)နှစ်၊ လှိုင်းတက်ကျေးရွာ၊ သာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသည့် 9F/xxxx ဟွန်ဒိုင်း ၆ ဘီးယာဉ်သည် မိုင်တိုင် ၁၈၉/၇ နှင့် ၆ အကြားအရောက် အရှိန်လွန်ပြီး ကားလမ်းအနောက်ဘက်ရှိ ဓာတ်တိုင်အား ဝင်တိုက်မိကာ ပေ ၃၀ ခန့်နက်သည့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ ယာဉ်မောင်း ဖြိုးမင်းသန့်(ခ)ကိုဖြိုးအား သာဂရနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။ 

ကိုလွင်(ဆွာ)