ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း)၏ ယာဉ်စစ်ဆေးခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အများပြည်သူသို့ အသိပေး

ရန်ကုန် ၃၀ ဇူလိုင်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း) ရုံးဝန်းအတွင်း မြေဖို့၊ မြေညှိခြင်း၊ အပေါ်လွှာ ဂဝံမြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် မော်တော်ယာဉ်များ ဝင်ရောက်ပါက ဗွက်နစ်ခြင်း၊ ဘီးချော်ခြင်းများဖြစ်ပေါ်၍ လုပ်ငန်းလာ ရောက်ဆောင်ရွက်သူပြည်သူများ အခက်အခဲကြုံနိုင်သောကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်မှ စ၍ သက်တမ်းတိုးယာဉ်စစ်ဆေးခြင်းလုပ်ငန်းကို တိုင်းဒေသေကြီးရုံးခွဲ (ရွာသာကြီး) သို့ ဦးစွာ သွားရောက် ယာဉ်စစ်ဆေးရပြီး သက်တမ်းတိုးမှတ်ပုံတွင် လုပ်ငန်းများကိုသာ ခရိုင်ရုံး (ရန်ကုန် အရှေ့ပိုင်း)တွင် လက်ခံဆောင်ရွက်လျက်ရှိသည်။

 

ယခုအခါ ရုံးဝန်းအတွင်း မြေဖို့၊ မြေညှိခြင်း၊ အပေါ်လွှာဂဝံမြေခင်း ခြင်းလုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသဖြင့် ယာဉ်စစ်ဆေးရန်ရွာသာကြီးရုံးသို့ ဦးစွာသွားရောက်ရန် မလိုအပ်တော့ဘဲ မော်တော်ယာဉ် စစ်ဆေးခြင်းနှင့် မော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၄ ရက်မှစတင်၍ ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း) တွင်သာ လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

(သတင်းစဉ်)