ကျုံပျော်မြို့နယ် ဆောက်တန်းကျေးရွာ၌ မော်ကွန်းသဇင်  ကျေးရွာစာကြည့်တိုက် ဖွင့်လှစ်

ကျုံပျော်  ၁၆   ဇန်နဝါရီ

           

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အင်းပါအုပ်စု ဆောက်တန်းကျေးရွာ၌ မော်ကွန်းသဇင်  ကျေးရွာစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကျေးရွာစာကြည့်တိုက်၌ ကျင်းပသည်။

 

54

           

အခမ်းအနားတွင်  အလှူရှင် ပါမောက္ခ ဒေါက်တာဒေါ်တင်တင်အောင်က လှူဒါန်းရ ခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်ဖြစ်မြောက်ရေးနှင့် ကြီးကြပ်မှုအဖွဲ့ အတွင်းရေးမှူးက စာကြည့်တိုက်ဆောက်လုပ်ခြင်းကို  ရှင်းလင်းတင်ပြ၍ မသဇင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

           

အဆိုပါ ကျေးရွာစာကြည့်တိုက်ကို ၂၀၁၉ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ဝိဇ္ဇာဘာသာတွဲဖြင့် ပထမရသော မသဇင်ဝင်း၏ဆန္ဒအရ ကျေးရွာအတွင်းရှိ ကလေးသူငယ်များ အပါအဝင် ရွာသူရွာသားများ အသိပညာတိုးပွားစေရန် ပါမောက္ခ ဒေါက်တာဦးမျိုးမြင့်၊ ပါမောက္ခ ဒေါက်တာဒေါ်တင်တင်အောင် တို့ဦးဆောင်ပြီး အလှူရှင် တစ်စုက ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

 

သန့်ဇော်