ကုန်သွယ်ရေးဇုန်/စခန်းများတည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်အစီရင်ခံရေးကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၇

 

ကုန်သွယ်ရေးဇုန်/စခန်းများ တည်ဆောက်ရာတွင် နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ တစ်ဖက်နိုင်ငံများ ကဲ့သို့ နယ်စပ်မျဉ်းအနီး တည်ဆောက်နိုင်ရေးနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ် အစီရင်ခံရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ လေ့လာသုံးသပ် အစီရင်ခံရေးကော်မတီဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ေ့လာသုံးသပ်အစီရင်ခံရေး ကော်မတီအနေဖြင့် လုပ်ငန်းတာဝန် ( ရပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် လေ့လာသုံးသပ် စီရင်ခံရေး လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းတာဝန် () ရပ် ရှိကြောင်း၊ လေ့လာသုံးသပ် စီရင်ခံရေးကော်မတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေး လုပ်ငန်း ကော်မတီ များ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၃ ခုနှစ် စက်တင်လာ ၁၄ ရက်နှင့် ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၂၄ခုနှစ်ဇန်နဝါရီ၁၈ ရက်တို့တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အစည်း အဝေးများမှ ဆုံးဖြတ်ချက်များအရ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြည်ထောင်စု ဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာသုံးသပ်အစီရင်ခံရေး လုပ်ငန်းကော်မတီ၏ သဘောထားမှတ်ချက်၊ ကုန်သွယ်ရေး ဇုန်/စခန်းများ ၏ မြေပြင်အနေအထား၊ နယ်မြေလုံခြုံရေးအခြေအနေ၊ ကုန်သွယ်မှုပမာဏ၊ တိုးချဲ့ မြေနေရာရရှိနိုင်မှု စသည့် အခြေအနေအရပ်ရပ်အပေါ် ထည့်သွင်းစဉ်းစား၍ ပထမအဆင့်ဦးစားပေး၊ ဒုတိယအဆင့် ဦးစားပေး၊ တတိယအဆင့် ဦးစားပေးဟူ၍ ဦးစားပေးအဆင့်အလိုက် တည်ဆောက်ရမည့်  ဇုန်/စခန်းများကို အပိုင်း ( ပိုင်း စိစစ်ဖော်ထုတ်ခဲ့ပါကြောင်း။

 

ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လေ့လာ သုံးသပ် အစီရင်ခံရေးလုပ်ငန်းကော်မတီများမှ ဆွေးနွေးတင်ပြချက်များအပေါ် စိစစ်သုံးသပ်ပြီး နိုင်ငံတကာလုပ်ငန်းစဉ်နှင့်အညီ ကုန်သွယ်ရေးဇုန်/စခန်း တည်ဆောက်နိုင်မည့် အခြေအနေများအား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီသို့ သုံးသပ်ပြုစုတင်ပြသွားမည်ဖြစ်ကြောင်း၊ လေ့လာသုံးသပ် အစီရင်ံရေးကော်မတီဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် လေ့လာသုံးသပ်အစီရင်ခံရေးလုပ်ငန်း ကော်မတီများအနေဖြင့် ကုန်သွယ်ရေးဇုန်/ စခန်းများအား နယ်စပ်မျဉ်းအနီး အကောင်အထည်ဖော် တည်ဆောက် နိုင်ရေးအတွက် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ရင်းနှီးပွင့်လင်းစွာဖြင့် ဝိုင်းဝန်း ဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကော်မတီဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ခြုံငုံသုံးသပ်ဆွေးနွေး၍ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)