ကူးစက်ကပ်ဘေး လူတိုင်းဝေး ငြိမ်းအေးကြပါစေ

mdn

ကိုရင်သြ

 

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် အတင့်ရဲစွာဖြင့် ကမ္ဘာတစ်လွှား ကမ္ဘာ့လူသားထု တစ်ရပ်လုံးအား ဆက်လက်၍ မထီမဲ့မြင်ပြုနေဆဲမှာပင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုး၏ ဗဟိုပြုချက်သည် အာဖရိကတိုက် ဖြစ်လာနိုင်ဖွယ်ရှိသည် ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကမ္ဘာတစ်လွှား ဖြစ်ပေါ်လာနိုင်အံ့သော အကျိုး သက်ရောက်မှုများ အသို့ရှိလိမ့်မည်ကို အတွေးကွန်ရက် ဖြန့်ကြက်မိလေ၏။

 

ရှောင်ကွင်းနိုင်ဆဲဖြစ်

 

လတ်တလောအခြေအနေအရမူ အာဖရိကတိုက်သည် ကိုရိုနာကပ်ရောဂါပိုး ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့မှုဘေးအန္တရာယ်မှရှောင်ကွင်းနိုင်ဆဲဖြစ်ပြီး ပွဲကြမ်းနေသောအမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပဒေသတို့နှင့် နှိုင်းယှဉ်လျှင် ကပ်ရောဂါကြောင့် သေဆုံးရသူ ဦးရေမှာ နည်းပါးနေဆဲဖြစ်၏။

 

သို့ဖြစ်လင့်ကစား အာဖရိကတိုက်အပေါ် ကပ်ရောဂါဆိုး သက်ရောက် နိုင်မှုအခြေအနေမှာ လှေနံဓားထစ်မှတ်သားနိုင်မည်မဟုတ်ကြောင်း၊ အာဖရိက " သားတို့အတွက် စိတ်တုံးတုံးချ၍ မနေအပ်ကြောင်း ကုလသမဂ္ဂ အာဖရိကတိုက် လုံးဆိုင်ရာ စီးပွားရေးကော်မရှင်က ဧပြီ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် အတိအလင်း သတိပေးထားပုံကို ကျွန်ုပ်အလေးမူမိ၏။

 

ဤတွင်ရွေ့ကား စိန်ကဲ ရွှေကဲထက် ကပ်ရောဂါဘေး အကဲခတ်ရခက်ပုံကို ကျွန်ုပ် သင်ခန်းစာရမိ၏။ စုံလုံးကန်း တွေထဲမှာ တစ်ဖက်လပ်က လူတော်ဟူဘိသို့ အာဖရိကတိုက်ကို ကံကြမ္မာက မျက်နှာသာပေးထား သည်ဟု လတ်တလောဆိုနိုင်လင့်ကစား ကိုဗစ်-၁၉ ပိုး၏ တိုက်ရိုက်အကျိုး သက်ရောက်မှုအဖြစ် အာဖရိကတိုက်သား သုံးသိန်းမှ ၃ ဒသမ ၃ သန်းအကြား သေဆုံးရဖွယ်ရှိသည်ဟု ခန့်မှန်းရကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြ ထားလေသည်။

 

ဆင်ကျီစားရာ ဆိတ်မခံသောဖြစ်ရသည်မှာကား ကဆုန်ပေါက်ပြေးလွှားနေဆဲ ကိုရိုနာပိုးနှင့် လူသားဖြစ်၏။ ကိုရိုနာပိုးက ကမ္ဘာ့လူသားထုတစ်ရပ်လုံးကိုပုန်ကန်နေဆဲဖြစ်ပြီး ယင်းပိုးကို ချေမှုန်းတိုက်ဖျက်နိုင်မည့် အစီအမံ များကို အရေးတကြီးချမှတ်ဆောင်ရွက်ရန် အာဖရိကနိုင်ငံများအား ကျွမ်းကျင်သူ ပညာရှင်များက သတိပေးကြ သည်။

 

လူဦးရေ အထူးများပြားသော အာဖရိကမြို့ကြီးများတွင် ကျန်းမာရေး၊ အတွက်လက်ဆေးကန် အလုံအလောက်မရှိရကာ။ ကပ်ရောဂါကို လျှော့မတွက် ကြဖို့ ကျန်းမာရေးပညာရှင်များက စိတ်ပူစွာဖြင့် သတိပေ။လျက်ရှိကြလေသည်။

 

လူနာခုတင်အရေအတွက် နည်းပါးခြင်း၊ အာဖရိကတိုက်၏ လုပ်သာ။ အင်အားစုတွင် ၇၁ ရာခိုင်နှုန်းသည် ပျံကျလုပ်သားများ။(ဝါ)ဝင်ငွေပုံမှန်မရသော လုပ်သားများဖြစ်ပေရာ အကယ်၍ ရောဂါပို။ အတင့်ရဲလာမည်ဆိုပါက ဆင်းရဲသားပြည်သူတို့မှာ မိုးပြိုမှာစိုးသော တစ်တီတူးငှက်ပမာ ခြေနှစ်ချောင်း မိုးပေါ်ထောင်ကာ ပုန်းလျှိုးနေကြရမည့်အသွင်ရှိလိမ့်မည်သာတည်း။

 

ဟောကိန်းထုတ်

 

အာဖရိကတိုက်တွင် အစိုးရအဖွဲ့များက လူမှုရေးကွာဟမှု” (ဝါ) ခပ်ခွာခွာနေထိုင်မှုအစီအမံကို အပြည့်အဝ အကောင်အထည်ဖော်ခြင်းမရှိပါက အာဖရိကတိုက်တွင် လူပေါင်း ၂၂ သန်းအထိ ဆေးရုံတက်ရခြင်း၊ လူပေါင်း ၃ ဒသမ ၃ သန်းခန့် သေဆုံးရခြင်းတို့ ဖြစ်ပေါ်လာရဖွယ်ရှိကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ အင်ပီးရီးရဲလ်ကောလိပ် ကျောင်းမှ သုတေသီများ၏ကွန်ပျူတာ မိုဒယ်တွက်ကိန်းများအရ ဟောကိန်းထုတ်နိုင်သည်ဆို၏။

 

ထိမိသည့်ခလုတ် နောက်ဆုတ်လည်။ နာတုန်းတွင် ကမ္ဘာ့ကပ်ရောဂါ ဘေးမှ ကျော်လွှာလွန်မြောက်နိုင်ရန် ကြိုးပမ်းနေကြရဆဲ ကမ္ဘာ့နိုင်ငံများ၏ အခြေအနေကို စနောင့်စနိုးဖြစ်စွာ ကျွန်ုပ်စေ့လေသော် အမေရိကန်မှာ အုပ်စုဗိုလ်ဖြစ်နေသည်ကို ကျွန်ုပ်တွေ့ရ၏။ ဧပြီ ၁၈ရက် အခြေပြစာရင်းအရ အမေရိကန်ပြည်ထောင်စုတွင် ရောဂါကူးစက်ခံရသူ ၇၁၀၂၇၂ ဦး သေဆုံးသူ ၃၇၁၇၅ ဦး၊ ရှိသည်။

 

အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံထက် မနည်းတွင် ကိုဗစ်-၁၉ ကူးစက်မှု ရှိနေပြီ။ အမေရိကန်၊ ဥရောပအနောက်ပိုင်းဒေသ၊ တရုတ်နိုင်ငံတို့တွင် ရောဂါ ကူးစက်မှုအများဆုံးဖြစ်လေသည်။

 

အမေရိကန်ပြည်ထောင်စုတွင် နယူးယောက်ပြည်နယ်သည် ရောဂါ ကူးစက်မှု၏ ဗဟိုချက်အဖြစ်တည်ရှိနေပြီး ဘေးအန္တရာယ်ကြီးမားနေဆဲ ဖြစ်ပုံကို ကျန်းမာရေးပါရဂူတို့က တပ်လှန့်နှိုးဆော်ထားသည်။

 

အမေရိကန်ပြည်နယ် ၅၀ နှင့် မြို့တော်ဝါရှင်တန်ဒီစီတို့တွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူရှိနေကြောင်း၊ အမေရိကန်ဗာဂျင်ကျွန်းစု၊ ဂူအမ်ကျွန်းနှင့် စွာတိုရီကိုတို့တွင်လည်း ကပ်ရောဂါကူးစက်ခံရမှုကို အတည်ပြုနိုင် ကြောင်း အိမ်ဖြူတော်၏ ကိုရိုနာဗိုင်းရပ်စ် အထူးလုပ်ငန်းအဖွဲ့က ပြောကြားသည်။

 

ဧပြီ ၁၆ ရက် အခြေပြစာရင်းအရ ကမ္ဘာတစ်ဝန်။ ကိုဗစ်-၁၉ ရောဂါပို။ ကူးစက်ခံရသူဦး။ရေ၏ ၁၀ ရာခိုင်နှုန်းမှာ နယူးယောက်ပြည်နယ်တွင် နေထိုင်သူများဖြစ်ကြပြီး အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ဧပြီလ ၃၀ ရက်အထိ ခပ်ခွာခွာနေမှု"ကျန်းမာရေးအစီအမံကို ပြည်သူများလိုက်နာကြရန် အစိုးရ အဖွဲ့က တိုက်တွန်းနှိုးဆော် ထားသည်။ အကယ်၍ အခြေအနေအရ လိုအပ်မည် ဆိုပါက ဖော်ပြပါနေ့ရက်ထက်ကျော်လွန်၍ ကျန်းမာရေး အစီအမံကို ဆက်လက် လိုက်နာစေရမည် ဆို၏။

 

ဥရောပတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးရသူ ၇၅၀ဝ၀ ကျော်ရှိပြီး သေဆုံးသူဦးရေ ၈၀ ရာခိုင်နှုန်းမှာ အီတလီ၊ စပိန်၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့တွင်ဖြစ်ကြောင်း ကျွန်ုပ် လေ့လာတွေ့ရှိရ၏။

 

ရန်ပုံငွေ ထူထောင်နိုင်ရန်

 

ထိုစဉ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးရန်ပုံငွေ ထူထောင်နိုင်ရန် ဥရောပသမဂ္ဂ (အီးယူ)က ကြိုးပမ်းလျက်ရှိပြီး အလှူရှင်များ ညီလာခံကို မေလ ၄ ရက်တွင် ကျင်းပရန်စီစဉ်လျက်ရှိကြောင်း ဥရောပကော်မရှင်အကြီးအကဲ အာစူလာ ဗွန်ဒါလီယန်းက ပြောကြားသည်။

 

ကာကွယ်ဆေးဖော်ထုတ်နိုင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်း ထိရောက်မှုရှိမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှ ဝဲလ်ကမ်းထရပ်စ် ပရဟိတအဖွဲ့နှင့် အမေရိကန်နည်းပညာလုပ်ငန်းရှင် သူဌေးကြီး ဘီလ်ဂိတ်တို့ လည်း ပါဝင်ကူညီကြမည်ဟု ကျွန်ုပ်လေ့လာသိရှိရ၏။

 

ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ကာကွယ်ဆေးအမျိုးပေါင်းများစွာ ပေါ်ထွက်လာရေးအတွက် ဆေးသုတေသန လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိလေသည်။ သို့ရာတွင် အာနိသင်ထိရောက်မှုရှိသော ကာကွယ်ဆေး၊ ဘေးထွက်ဆိုးကျိုးမရှိသော ကာကွယ်ဆေးရရှိနိုင်ရန်အတွက်မူ အနည်းဆုံးတစ်နှစ် အချိန်ယူ ဆောင်ရွက်ရပေလိမ့်မည်။ ကာကွယ်ဆေးကို ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိနိုင်ရန်အတွက်မူ နောက်ထပ် လပေါင်း အတန်ကြာမျှ စောင့်ဆိုင်းရပေဦးမည်။

 

ကျွန်ုပ်တို့၏ အာရှတိုက်သည်လည်း ကမ္ဘာ့ကပ်ရောဂါဆိုးကို အပြီးတိုင် ချေမှုန်းတိုက်ထုတ်နိုင်ရေးအတွက် လှေခွက်ချည်းကျန် အလံမလှဲစိတ်ဓာတ် ဖြင့် နိုင်ငံအသီးသီးက ကြိုးပမ်းလျက်ရှိကြလေသည်။

 

ကူးစက်နှုန်းမြန်ဆန်

 

အရှေ့တောင်အာရှဒေသတွင် အင်ဒိုနီးရှားနိုင်ငံသည် ဓာတ်ခွဲအတည်ပြု လူနာအများဆုံးနိုင်ငံဖြစ်ပြီး ပြီ ၁၈ ရက် အခြေပြစာရင်းအရ ရောဂါပိုးရှိသူ ၆၂၄၈ ဦးရှိသည်။ ဖိလစ်ပိုင်နိုင်ငံမှာမူ ရောဂါပိုးရှိသူဦးရေ ၆၀ဝ၀ ကို ကျော်လွန် ခဲ့ပြီဖြစ်ပြီး ကူးစက်နှုန်းမြန်ဆန်နေဆဲဖြစ်သည်။

 

စင်ကာပူနိုင်ငံတွင်မူ ဧပြီ ၁၈ ရက်အခြေပြစာရင်းအရ နောက်ထပ် ရောဂါ ကူးစက်ခံရသူ ၉၄၂ ဦးရှိပြီး တစ်ရက်တည်းတွင် စံချိန်တင်ရလောက်အောင် အများဆုံးကူးစက်မှုဖြစ်သည်။ ရောဂါပိုးကူးစက်မှုအများစုမှာ အဆောင်များတွင် နေထိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။

 

မလေးရှားနိုင်ငံတွင် ဧပြီ ၁၈ ရက်အထိ ဓာတ်ခွဲအတည်ပြုလူနာ ၅၃၀၅ ဦးအထိရောက်ရှိလာပြီး ပြည်သူများအားအသွားအလာထိန်းချုပ်ကန့်သတ်ခြင်း ကို ထိုနေ့တွင် ၂ ရက်မြောက်နေ့အဖြစ် ဆောင်ရွက်ခဲ့ သည်။ ကျွန်ုပ်တို့၏အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဧပြီ ၁၈ ရက်က နောက်ထပ်ရောဂါပိုးတွေ့ရှိသူ ၃၃ ဦးတိုးလာခဲ့ရာ နိုင်ငံတစ်ဝန်းတွင် ဓာတ်ခွဲအတည်ပြုလူနာ ၂၇၃၃ ဦးရှိကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံမှာမူ ၃၆ နာရီအတွင်း နောက်ထပ်ရောဂါပိုးရှိသူ ထပ်မံမတွေ့ရှိရတော့ဟု ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ မင်္ဂလာသတင်း တစ်ပုဒ်ဟု ဆိုနိုင်ပေလိမ့်မည်။ တစ်လကျော်ကာလအတွင်း ပထမဆုံး အကြိမ် ရောဂါပိုးမတွေ့ရှိရတော့သည့် နေ့ရက်တစ်ရက် ဖြစ်ခဲ့လေသည်။

 

ထပ်မံမတွေ့ရှိရတော့

 

ဘရူနိုင်းနိုင်ငံမှာမူ ရက်သတ္တပတ်ကျော်ကာလအတွင်း ရောဂါပိုးရှိသူကို ထပ်မံမတွေ့ရှိရတော့ဟု ဧပြီ ၁၈ ရက်သတင်းတွင် ဖော်ပြထားသည်။

 

အလားတူပင် ကမ္ဘောဒီးယားနိုင်ငံသည် ဧပြီ ၁၄ ရက်မှစ၍ ရောဂါပိုး ကူးစက်ခံရသူ တိုးလာခြင်းမရှိတော့ဘဲ ရောဂါမှ ပြန်လည်နာလန်ထူမှုနှုန်း ၈၄ ရာခိုင်နှုန်းရှိသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

 

မြန်မာနိုင်ငံတွင်မူ ဧပြီ ၁၈ ရက် ညပိုင်းအထိ ဓာတ်ခွဲအတည်ပြု လူနာ ၉၈ ဦးရှိခဲ့ရာ ကျန်းမာရေးအစီအမံများကို နိုင်ငံတစ်ဝန်းတွင် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ လာအိုတွင်မူ ရောဂါကူးစက်မှု ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။

 

အရှေ့တောင်အာရှဒေသ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းများ တိုးတက်လျက်ရှိသည်နှင့်အမျှ မဝေးသော အနာဂတ်ကာလတွင် ယင်းကပ်ရောဂါဆိုးကြီးကို အပီအပြင်ထိန်းချုပ်နိုင်လိမ့်မည်ဟု ကျွန်ုပ်မျှော်လင့် မိရင်း ကူးစက်ကပ်ဘေး လူတိုင်းဝေး ငြိမ်းအေးကြပါစေဟု ကျူးရင့်မိပါ သတည်း။

 

SOURCE: COVID-19 Daily Updates