ကူမဲငါးလုပ်ငန်းစခန်း၌ ငါးမွေးတောင်သူများအား ငါးသားပေါက်များထောက်ပံ့

ကူမဲ  ၁  ဩဂုတ်

 

COVID-19 Economic Relief Plan- CERP ပါ Action Plan တွင် ပါရှိသည့် ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ငါးမွေးတောင်သူများအား ငါးသားပေါက်များ ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၃၁ ရက်က ကူမဲငါးလုပ်ငန်းစခန်း၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားသို့ စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးမြင့်ဇင်ထူး၊  ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ဒုတိယခရိုင်အုပ်ချူပ်ရေးမှူး ဉီးရဲဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းမြမြသင်း၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချူပ်ရေးဉီးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဉီးအောင်မိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ဒေသခံငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်