ကယ်လီဖိုးနီးယား လေယာဉ်ပျက်ကျမှုတွင် ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့အနီးရှိ အိမ်တစ်လုံးအတွင်း လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

 

mdn

 

အဆိုပါ လေယာဉ်ပျက်ကျမှုမှာ လော့အိန်ဂျစ္စလိစ်မြို့လယ်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၅၀ အကွာတွင် ရှိသော ရိုဘာလင်ဒါမြို့လေးတွင်  တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

လေယာဉ်ပျက်ကျခဲ့ရာ အိမ်အမိုးပေါ်ရှိ အပေါက်တစ်ခုမှတစ်ဆင့် လိမ့်တက်လာသော မီးခိုးများများကို မီးသတ် သမားများက ပိုက်နှင့်ထိုး၍ငြှိမ်းသတ်နေသည့် ဗွီဒီယိုဖိုင်က ပြသနေသည်။

 

mdn

 

လူနှစ်ဦးမှာ သေဆုံးခဲ့ပြီး အခြားသူ နှစ်ဦးမှာ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မီးသတ်ဌာနမှ တာဝန်ရှိ သူများက ပြောကြားသည်။

အင်ဂျင်နှစ်လုံးတပ်လေယာဉ်သည် အနီးအနားရှိ လေဆိပ်တစ်ခုမှ ပျံတက်သွားပြီးနောက် ချက်ချင်းဆိုသလို ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ဒေသန္တရ မီဒီယာများက ပြောကြားသည်။ 

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်