လာအိုနိုင်ငံက ဆည်ကျိုးမှုမှာ အသေအပျောက်အပျက်အစီးတွေကို ဖုံးဖိထားတဲ့ ပုံစံမျိုး သံသယ ပိုဖြစ်လာ

၃၁ ဇူလိုင်

လာအိုနိုင်ငံတောင်ပိုင်းက ဆည်ကျိုးမှုကြောင့် လူပေါင်း ရာချီပြီး သေဆုံးတယ်လို့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းထားပေမယ့် လာအိုကွန်မြူနစ်အစိုးရရဲ့ စာရင်းတွေမှာတော့ လူသေဆုံးမှု အနည်းကျဉ်းသာရှိကြောင်း ပြောထားပါတယ်။

အစိုးရရဲ့ ကိန်းဂဏန်းအရ သေဆုံးသူ စာရင်းဟာ ၁၀ ဂဏန်းတောင် မရှိတာကို တွေ့နေရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကအထိ သေဆုံးသူ ၉ ဦး နဲ့ ပျောက်ဆုံးသူ ၁၂၂ ဦးရှိကြောင်း ဖော်ပြထားပါတယ်။ ဆည်ကျိုးလို့ ရေလွှမ်းသွားတဲ့ လာအိုနိုင်ငံတောင်ပိုင်း အာထေဘူး ပြည်နယ်ရှိ နေရာတော်တော်များများမှာ ကားနဲ့လှေနဲ့ သွားလာလို့ မရအောင်ကို ဖြစ်နေတဲ့အတွက် တိကျတဲ့စာရင်း မရနိုင်သလိုမျိုးလည်းဖြစ်နေပါတယ်။

 

 

အဲဒီလို အခက်အခဲကိုလည်း အစိုးရက မပြောပြဘဲ တမင်ဖုံးကွယ်သလိုမျိုးဖြစ်နေပါတယ်။ အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံတန် ရေအားလျှပ်စစ်ထုတ်ယူဖို့တည်ဆောက်တဲ့ ဆည် စီမံကိန်းမှာ လေ့လာမှုအားနည်းတဲ့ ပုံမျိုးရှိနေကြောင်းနဲ့ လာအိုနိုင်ငံဟာ “အာရှရဲ့ဓါတ်ခဲ” ဖြစ်လာရေးအတွက် ဆည်ပေါင်း ဆယ်ချီပြီး ဆောက်လုပ်ခဲ့တဲ့ဆုံးဖြတ်ချက်အပေါ်မှာလည်း အငြင်းပွားစရာတွေ ဖြစ်နေခဲ့ကြောင်း သတင်းတွေမှာ ရေးသားထားပါတယ်။

 

ပြီခဲ့သောကြာနေ့က အာထေဘူးပြည်နယ်တွင်းမှာ လူပေါင်း ၁၁၂၆ ဦးကို ရှာမတွေ့ဘူးလို့ ပြည်နယ်ကော်မတီ ဒုတိယ အတွင်းအရေးမှူးက သတင်းထောက်တွေ ပြောကြားအပြီး နောက်တစ်ရက်မှာ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က လူ ၈ ဦးသာ သေဆုံးကြောင်း ပြောကြားပြန်ပါတယ်။ ဒီ့မတိုင်ခင်က အာဏာပိုင်တွေ အပြောအရ လူ ၂၇ ဦးသေဆုံးပြီး ၁၂၃ ဦးပျောက်ဆုံးနေတယ်လို့ အတည်ပြုပြောကြားပါသေးတယ်။

ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၆၀ဝ၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး တဝက်ကျော်ဟာ ဆန်မန်ဆီ ရှိ ကယ်ဆယ်ရေးစခန်းမှာ နေထိုင်ပြီး လူပေါင်း ၂၂၀ဝ ကတော့ ရေပတ်လည်ဝိုင်းနေတဲ့ ကုန်းမြေပေါ်မှာ ပိတ်မိနေပါတယ်။ ဒီလူတွေဟာ စစ်တပ်ရဲ့ ရဟတ်ယာဉ်ပေါ်ကနေ ချပေးတဲ့ ရိက္ခာတွေပေါ်မှာသာ မှီခိုနေရကြောင်း သိရပါတယ်။

အရန်ဆည် ၅ ခုအပါဝင် ပင်မဆည် တည်ဆောင်မှုမှာ ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ တန်ဖိုးရှိပြီး အဲဒီစီမံကိန်းကို လာအို၊ တောင်ကိုရီယားနဲ့ ထိုင်း ကုမ္ပဏီတွေက အကျိုးတူလုပ်ဆောင်ခဲ့တာပါဖြစ်ပါတယ်။ လာအို စွမ်းအင်ဝန်ကြီးကတော့ ဆည်ပုံစံညံ့ဖျင်းမှု၊ မိုးရွာတဲ့အတွက်ကြောင့် ဆောက်လုပ်ပုံစံကို ဆိုးကျိုးဖြစ်ပြီး အခုလို ကျိုးကျခဲ့တာဖြစ်နိုင်ကြောင်း RFA သတင်းဌာနကို ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားသွားပါတယ်။

ဆည်စီမံကိန်းမှာ ပါဝင်တဲ့ ကိုရီးယားကုမ္ပဏီ SK Engineering & Construction ကတော့ ဆည်ကျိုးရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြာင်းနဲ့ ကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း လှူဒါန်းမယ်လို့ သတင်းတွေမှာ ရေးသားထားပါတယ်။

MDN

ကိုးကား- AFP

ဓါတ်ပုံ - AFP and Vientiane Rescue facebook