ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၈
လာအိုနိုင်ငံသို့ ယခုနှစ်အတွင်း တရုတ်နိုင်ငံသား ၃၆၈၀၀၀ ခန့် လာရောက် လည်ပတ်နိုင်ကြောင်း လာအိုခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ခန့်မှန်းထားသည်။
ယင်းပမာဏသည် ယမန်နှစ်ကထက်ခရီးသွား ဝင်ရောက်မှု ၂၁ ရာခိုင်နှုန်း ပိုမို များပြားလာခြင်းပင်ဖြစ်ကြောင်း သိရသည်။ ပြည်ပသို့အုပ်စုလိုက် ထွက်ခွာမည့် တရုတ်နိုင်ငံသားများ ဝင်ရောက်ခွင့်ရှိသည့် နိုင်ငံများစာရင်းတွင် လာအိုနိုင်ငံလည်းပါဝင်ပြီး ရောက်ရှိလာမည့် တရုတ်နိုင်ငံသား ခရီးသွားများအား ဝန်ဆောင်မှု ပေးနိုင်ရေးအတွက် လာအိုနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများက ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံအတွင်းသို့ ၂၀၁၉ ခုနှစ်က တရုတ်ခရီးသွား ၁၀၂၂၇၂၇ ဦး ဝင်ရောက်ခဲ့ကြောင်းသိရသည်။ တရုတ် ခရီးသွားများ လာရောက်လည်ပတ်မှု အဆင်ပြေစေရေးအတွက် လာအို တာဝန်ရှိသူများက အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။
လာအိုနိုင်ငံ၌ တရုတ်ခရီးသွားများအား ဆွဲဆောင်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းအား ခေတ်မီဆန်းသစ်စေရေး ပြင်ဆင် ဆောင်ရွက်ကြရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Phonemaly Inthaphome က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ