လာအိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ဆက်လက်မြင့်တက်လာ

မတ် ၂၂

 

လာအိုနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၂၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၆၅၁ ဦးအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၂၃၀၆ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၂ ဦးသည် ပြည်ပကူးစက်မှုဖြစ်ကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဆိုင်ဆာဗန့်ဆော့တန်က ဗီယင်ကျန်းမြို့တော်ရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။ ထိုမြို့တော်တွင် လူအုပ်စုလိုက်ကူးစက်မှု ၁၃၃၁ ဦး ဖြစ်ပွားခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၆၄၂၂ ဦးအထိ မြင့်တက်လာသည်။

 

ဆိုင်ဆာဗန့်က ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာစီမံချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်ရောဂါကာကွယ်ဆေးများ ထိုးနှံမှုခံယူကြရန် နိုင်ငံတစ်ဝန်းရှိနေထိုင်သူများအား တိုက်တွန်း ပြောကြားခဲ့သည်။

 

လာအိုနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူနှစ်ဦးကို ၂၀၂၀ ခုနှစ် မတ်လ ၂၄ ရက်က ပထမဦးဆုံးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို