လာအိုတောင်ပိုင်းတွင် ရေလှောင်တမံပြိုကျပြီးနောက် ၁၃ဦးသေဆုံး၊ ၁၁၈ဦး ပျောက်ဆုံးနေ

၂ သြဂုတ်

 

ပြီးခဲ့သော တနင်္လာနေ့က လာအိုနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ ရေလှောင်တမံ ပြိုကျသွားပြီး လူ ၁၃ ဦး သေဆုံးကာ ၁၁၈ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း  အက်တာပီအူပြည်နယ် ဆန်နာမရှေ ခရိုင် သတင်းစာရှင်းလင်းပွဲတွင် လာအိုပြည်သူ့တပ်မတော်က  ပြောကြားခဲ့သည်။

 

အင်္ဂါနှင့်ဗုဒ္ဓဟူးနေ့တွင် ကလေးတစ်ဦးနှင့်လူကြီးတစ်ဦးတို့၏ ရုပ်အလောင်းများကိုရွှံ့ထဲတွင် တွေ့ခဲ့ကြောင်းနှင့် ရေကြီးမှုလျော့ကျသွားသောကြောင့် စက်လှေများကို သယ်ယူပို့ဆောင်ရေးယာဉ်အဖြစ် အသုံးမပြုတော့ပေ။ ရေလှောင်တမံ ပြိုကျမှုဒဏ်ခံရသော ရွာပေါင်း ၆ ရွာ နှင့် စပါးခင်းများကို ဒီရက်ပိုင်းအတွင်း ဦးတည် လုပ်ဆောင်နေကြောင်း ကယ်ဆယ်ရေးတပ်မှူးနှင့်  လာအိုပြည်သူ့တပ်မတော် အထွေထွေဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ခမ်လီအင်း ကဆိုသည်။

 

 

နောက်ဆုံးပျောက်ဆုံးနေသူများကို တွေ့ရှိသည်အထိ ရှာဖွေသွားမည်ဖြစ်ပြီး ၎င်းတို့အားလုံးကို ရှာဖွေမတွေ့ခဲ့ပါက  အိမ်နီးချင်းဖြစ်သော ကမ္ဘောဒီးယားကို  အကူအညီ  တောင်းမည်ဖြစ်ကြောင်း ခမ်လီအင်း က အလေးထားပြောကြားခဲ့သည်။ တောင်ကိုရီးယား၊ ထိုင်းနှင့် လာအို ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံထားသော တည်ဆောင်ဆဲရေလှောင်တမံ ပြိုကျခဲ့သည်။ ရေအားထုတ်လွှင့်မည့် ယင်းရှီပီအန်-ရှီနမ်နွိုင်အမည်ရှိ ရေလှောင်တမံသည် ပြီးခဲ့သော တနင်္လာနေ့က ရေ ၅ဘီလီယံ ကုဗ မီတာခန့်လျှံထွက်ရာ အက်တာပီအူပြည်နယ် ဆန်နာမရှေ ခရိုင်ရှိ ရွာပေါင်း ၁၃ရွာ ထိခိုက်ခဲ့ပြီး ၎င်းရွာများအနက် ဒေသခံ ၇၀၉၅ ဦး နှင့် ရွာပေါင်း ၆ရွာမှာမူ ထိခိုက်နစ်နာမှုအများဆုံးဖြစ်ကြောင်း သိရသည်။

 

ကိုးကား ဆင်ဟွာ

ဘာသာပြန် မြင့်မြင့်ချို