လာမယ့်နှစ်အတွင်း တေးသီချင်းသစ်တွေ ထုတ်လွှင့်ပေးမယ့် ရီဟားနား

ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်သူ ရီဟားနား က လတ်တလောမှာတော့ သူ့ရဲ့ တေးသီချင်းသစ် ထုတ်လွှင့်မှုနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြား ခဲ့တာပါ။ ပရိသတ်တစ်ဦးနဲ့ အွန်လိုင်းပေါ်ကနေ တစ်ဆင့် စကားပြောခဲ့ရာမှာတော့ သူ့ရဲ့တေးသီချင်းသစ် ထွက်ရှိမယ့်အချိန်ကို မေးမြန်းခဲ့တဲ့အပေါ် ရီဟားနားက ၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိမှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာ ဖြစ်တယ်လို့ အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ရီဟားနားက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သူ့ရဲ့ မိတ်ကပ်အရောင်းမြှင့်တင်ရေးအတွက် ဓာတ်ပုံတစ်ပုံကို ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြခဲ့တဲ့ ဓာတ်ပုံအောက်မှာ ပရိသတ်တစ်ဦးက သူ့ရဲ့ တေးအယ်လ်ဘမ်သစ် ထွက်ရှိမယ့် အချိန်ကို မေးမြန်းရာမှာတော့ ၂၀၁၉ ခုနှစ်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အေးပြည့်