လားရှိုး၊ ကွန်ဟိန်း၊ နမ့်စန်မြို့ တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀ ဒီဇင်ဘာ

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၉ ရက် ညနေ ၆ နာရီခွဲက  လားရှိုးမြို့နယ်၊ ခါးသျှိကျေးရွာအုပ်စု၊ မူဆယ်-မန္တလေး ကားလမ်း၊ မိုင်တိုင်အမှတ်(၁၆၅/၅)အနီးတွင် ယွင်ကြာယို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ နံနက် ၇ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ တာကော်တံတားပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် မစောဝေဝေနှင်း မောင်းနှင်ပြီး မသန်းသန်းမော် လိုက်ပါလာသည့်  မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,ဝ၀ဝ၊ မြန်မာငွေကျပ် ၁၉ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကို လည်းကောင်း၊

 

ထို့အတူ ည ၈ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့၊ အမှတ်(၅)ရပ်ကွက်၊ မိုးနဲလမ်း၊ အိမ်အမှတ်(၅/၄၇၁)နေ ဒေါ်နန်းအုံး၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ စိုင်းဆိုင်လွယ် အားတွေ့ရှိရပြီး ၎င်းအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၈၀ ၊ ဘိန်းဖြူ ၁၂ ဂရမ်၊ မြန်မာငွေကျပ် ၁၁ ဒသမ ၃ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား