လားရှိုးမြို့၌ ငွေ ၁၇၈,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား လုယက်ယူဆောင်သွားသူများကို ဖမ်းဆီးရမိ

နေပြည်တော် ၂၁ ဒီဇင်ဘာ

 

 

လားရှိုးမြို့၊ (၅)ရပ်ကွက်၌ ဒီဇင်ဘာ ၂၀ ရက် နံနက် မိနစ် ၃၀ က ဆိုင်ကယ်စီးလာသူ လင်မယားထံမှ ငွေ ၁၇၈,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား လုယက်ယူဆောင်သွားသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၀ ရက်တွင် လားရှိုးမြို့ (၅)ရပ်ကွက်နေ ရန်နိုင်(ခ)အငယ်လေး (၃၄)နှစ်နှင့် ၎င်း၏ဇနီး မပိုးအိစံ(၃၂)နှစ်တို့သည် (၅)ရပ်ကွက်ရှိ ရှမ်းထမင်းဆိုင်မှ နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ယာဉ် ၂ စီးမှာ ဆိုင်ကယ်ရှေ့မှ ပိတ်ရပ်ပြီး ယာဉ်ပေါ်မှ အမျိုးသား ၅ ဦး ဆင်းလာကာ ၎င်းတို့ထံမှ ငွေ ၁၇၈,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား လုယက်၍ ထွက်ပြေးသွားသဖြင့် အရေးယူပေးပါရန် တိုင်တန်း၍ လားရှိုးမြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးခဲ့သည်။

 

 

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ယင်းနေ့ ည ၆ နာရီ ၅ မိနစ်တွင် လားရှိုးမြို့မရဲစခန်းမှ ဒုရဲအုပ် မင်းမင်းထွန်း ဦးစီးအဖွဲ့သည် လားရှိုးမြို့ (၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ချောင်းကူးတံတား၌ 7I/×××× Wish ယာဉ်နှင့်အတူ (၁၂)ရပ်ကွက်နေ အိုက်ပီး(၂၀)နှစ်ပါ ၃ ဦးထံမှ အရိုးအသွား ၁ ပေခွဲခန့်ရှိ ဓားဦးချွန် ၁ ချောင်းနှင့် လုယက်သွားသည့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ည ၆ နာရီခွဲတွင် (၈)ရပ်ကွက် မန်ဆူဘုရားအနီး၌ ယာဉ်နှင့်အတူ ပြည့်ဖြိုးအောင် (၂၀)နှစ်ပါ ၂ ဦးထံမှ အရှည် ၂ ပေခန့်ရှိ စတီးပိုက်လုံး ၁ ချောင်း၊ လုယက်သွားသည့် လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေ ၃၅,၀၀၀ ကျပ်တို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

 

ရဲပြန်ကြား