လားရှိုးမြို့၌ ထီလက်မှတ်များ လိမ်လည်ရောင်းချနေသူ အမျိုးသား ၄ ဦးအား အရေးယူ

နေပြည်တော် ၇ မတ်

 

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ (၇)ရပ်ကွက်၌ မတ် ၆ ရက် နံနက် ၁၁ နာရီက ဂျာနယ်အဖွဲ့ဟု ပြောဆိုပြီး ထီ ၁၀ စောင်ပါ ၁၀ တွဲလျှင် ငွေကျပ် ၈၀ဝ၀ဝ ဖြင့် လိမ်လည်ရောင်းချနေကြောင်း သတင်းအရ လားရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

စစ်ဆေးချက်များအရ (၁၀)ရပ်ကွက်နေ မြတ်မင်း(၄၇)နှစ်ပါ အမျိုးသား ၄ ဦးအား 1D/xxxx Mark II ယာဉ် ၁ စီး၊ ထီ ၁၀ စောင်ပါ ၁၀ တွဲ၊ သတင်းထောက်စိစစ်ရေးကတ် အတု ၂ ခု၊ လိပ်စာကတ်အတု ၅ ခု၊ လွယ်အိတ် ၃ လုံး၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ သိမှတ်ဖွယ်ရာများစာအုပ် ၁ အုပ်နှင့် ငွေကျပ် ၉၁၀ဝ၀ တို့အား သိမ်းဆည်းရမိခဲ့သဖြင့် မြတ်မင်းပါ ၄ ဦးအား လားရှိုးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

MDN

Source: ရဲပြန်ကြား