လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၁၂   သြဂုတ် 


မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သြဂုတ် ၁၁ ရက် ၁၀ နာရီခွဲက လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ လွယ်လောင်ကျေးရွာနေ ဒေါ်ကျိန်အား လန်၏ နေအိမ်ကိုရှာဖွေရာ ဘိန်းဖြူ ၁၇၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၆၀ နှင့် မြန်မာငွေကျပ် ၆၉၃,ဝ၀ဝ ကျပ်တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့အတူ လားရှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လားရှိုးမြို့၊ အမှတ် (၁၂)ရပ်ကွက်နေ လောက်တီ(ခ)လောက်ပိန်း၏ ပြောင်းခြံအတွင်းဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ စိုင်းဖောင်ခမ်း၊ လောက်ဟွာ(ခ)အားပေါက် တို့အားတွေ့ရှိပြီး လောက်တီ(ခ) လောက်ပိန်း ထံမှ အိုက်စ် ၅ ဂရမ်၊ ဘိန်းဖြူ ဝ ဒသမ ၃ ဂရမ်တို့အားလည်းကောင်း၊ စိုင်းဖောင်ခမ်း ထံမှ ဘိန်းဖြူ ဝ ဒသမ ၃ ဂရမ် အားလည်းကောင်း၊ လောက်ဟွာ(ခ) အားပေါက် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၃၀ ပြား၊ အိုက်စ် ၁၃၀ ဂရမ်၊ မြန်မာငွေကျပ် ၂၀,ဝ၀ဝ အားလည်းကောင်း၊ ခြံရှေ့မြေကွက်လပ်တွင်ရပ်တန့်ထားသည့် မော်တော်ဆိုင်ကယ် ၂ စီး၊ JAC အမျိုးအစား ၆ ဘီး မော်တော်ယာဉ်အား တွေ့ရှိရသဖြင့်ဆက်လက်ရှာဖွေရာ အိုက်စ် ၄၈၁ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၉၀ အားလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။


(ကိုရဲ)