လားရှိုး၌ မှုခင်းကျဆင်းရေး ကွင်းဆင်းဟောပြော

လားရှိုး ၇ မတ်

မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက လားရှိုးမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် လားရှိုးမြို့တွင် လတ်တလောဖြစ်ပေါ်နေသော မူးယစ်ဆေးဝါးမှုများနှင့်ပတ်သက်၍ မြို့နယ်အတွင်း မှုခင်းကျဆင်းစေရန် အသိပညာပေးခြင်းများကို ယနေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ကျော်က မူးယစ်ဆေးဝါး သုံးစွဲရောင်းချဖြန့်ဖြူးသူများသည် ရပ်ကွက်/ကျေးရွာများအတွင်း နေထိုင်သူများဖြစ်သည့်အတွက် မိမိတို့ရပ်ကွက်ကျေးရွာနေ ရပ်မိရပ်ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက သတင်းများရရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ သတင်းပေးပို့ကြရန်၊ ဝိုင်းဝန်းတားဆီးကြရန် လူတိုင်းတွင် တာဝန်ရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ဟောပြောခဲ့ပြီး အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်ခိုင်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ စနစ်တကျ မောင်းနှင်သွားလာကြခြင်း၏ အကျိုးနှင့် စည်းကမ်းမလိုက်နာဘဲ မောင်းနှင်သွားလာကြခြင်းကြောင့် ဖြစ်တတ်သော ဆိုးကျိုးများအား ရှင်းလင်းပြောကြား ခဲ့ရာ ပြည်သူများနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဆောင်ရန်/ရှောင်ရန်အချက်များအား အပြန်အလှန် ဆွေးနွေးဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)