လဲချားတွင် မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူများ သိရှိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ

လဲချား  ၂၅  ဇွန်

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်ကို ယနေ့နံနက် ၈ နာရီက ပျံကျဈေးတွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးဆိုသည်မှာ အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် ပြည်သူများပူးပေါင်းပါဝင်ဖို့ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။

 

အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာနမြို့နယ် ဦးစီးမှူး ဒေါ်ခင်လေးလေးယုနှင့် ဝန်ထမ်းများမှ ပျံကျဈေးနှင့် လူစည်ကားသော နေရာများတွင် ပြည်သူများ လက်ဝယ်အရောက် စနစ်တကျဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

(မြို့နယ်ပြန်/ဆက်)