လောက်ကိုင်မြို့ ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက်  မဲစာရင်းကြေညာကပ်ထား

လောက်ကိုင် ၂၈ ဇူလိုင်

 

ရှမ်းပြည်နယ်  ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ သတ်မှတ်ထားသော နေရာများတွင် ကြေညာထားကြောင်း သိရသည်။

 

လောက်ကိုင် မြို့နယ်တွင် ရက်ကွက် (၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈)အုပ်စု ၊ မဲရုံ ၂၉ ရုံ ၊ မဲဆန္ဒရှင် ဦးရေ (၅၄၂၆၄ ) ဦးရှိကြောင်း သိရသည်။

 

ဇော်ဇော်အောင်(ပြန်/ဆက်)