လောက်ကိုင်မြို့တွင်  နိဗ္ဗာန်ဈေးအလှူတော်ပွဲနှင့်ဆီမီး(၉၀ဝ၀)ကပ်လှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

လောက်ကိုင်   ၁၄   အောက်တိုဘာ 

  

လောက်ကိုင်မြို့တွင် မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော် နိဗ္ဗာန်ဈေးအလှူတော်ပွဲနှင့်ဆီမီး (၉၀ဝ၀) ကပ်လှူပွဲကို ယမန်နေ့ ညနေပိုင်းက အောင်သစ္စာ မဟာဓာတ်စုရန်ငြိမ်းအေးစေတီတော်၌ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့သည်။

 

နိဗ္ဗာန်ဈေးအလှူတော်ပွဲနှင့် ဆီမီး(၉၀ဝ၀)ကပ်လှူပွဲကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဒေသဦးစီးအဖွဲ့မှဦးစီးပြီး ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားပြည်သူတို့ စုပေါင်း လှူဒါန်း ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

 

ထိုနိဗ္ဗာန်ဈေး အလှူတော်ပွဲတွင် အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့်သီဆို ဧည့်ခံဖျော်ဖြေကြပြီး စားသောက်ဖွယ်ရာမျိုးစုံ ၊ ရိုးရာမုန့်ပဲသရေစာများကို ကျွေးမွေးလှူဒါန်းကြရာ မြို့နေဒေသခံ ပြည်သူများကပျော်ရွှင်စွာလာရောက်ဆင်နွဲခဲ့ကြပြီးနောက် အောင်သစ္စာမဟာဓါတ်စုရန်ငြိမ်းအေး   စေတီတော်၌ ဆီမီး(၉၀ဝ၀) ကိုစည်ကားသိုက်မြိုက်စွာ ကပ်လှူခဲ့ကြကြောင်းသိရသည်။

 

သင်းလှိုင်(ပြန်/ဆက်)