လောင်းလုံးမြို့နယ်အတွင်းရှိ စျေးများအား ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လောင်းလုံး ၂  အောက်တိုဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ စျေးများအား ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက လောင်းလုံးမြို့မ စျေးနှင့် သောကြာပြင် စျေးတို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် လောင်းလုံးမြို့နယ်၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဌေး နှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ လောင်းလုံးမြို့နယ်အတွင်းရှိ လူစည်ကားသည့် နေရာဖြစ်သော စျေးများ၊ စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) နှင့် Face Shield တပ်ဆင်ပြီးမှသာ စျေးရောင်း/ စျေးဝယ်ကြရန်၊ စျေးရောင်း/ စျေးဝယ်သူများအား တစ်ဦးနှင့်တစ်ဦး သတ်မှတ် အကွာအဝေးတွင် ရောင်းချဝယ်ယူကြရန်နှင့် ဈေရောင်း/ဈေးဝယ်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း ကျန်းမာရေး အသိပညာပေး​ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သိန်းသိန်း(ပြန်/ဆက်)