လောင်းလုံးမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

လောင်းလုံး   ၂၀  စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက စမ်းလှမ်းကျေးရွာ၊ပင်လယ်ကမ်းကျေးရွာ၌ သွားရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ထောက်ပံငွေများ ပေးအပ်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန္ဒီနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ဒေါ်ဝင်းစန္ဒာကြည်၊လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးနှင့် ဘေးစီမံခန့်ခွဲရေးဦးစီးဌာန၊လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စက်တင်ဘာလ ၁၉ရက်  နံနက်ပိုင်းက ဖြစ်ပွားခဲ့သော လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာအုပ်စု၊ ပင်လယ်ကမ်းကျေးရွာတွင် ရေဘေးသင့် အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် ၄၀၀၀၀ဝ နှင့် ဘေးသင့်ပြည်သူ (၄) ဦးအား (၁) ရက်စာအတွက်ထောက်ပံ့ငွေ ကျပ် (၈၄၀ဝ)၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၄၀၈၄၀၀) နှင့် ဘေးသင့်အိမ်ထောင်စု (၁) စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၁)စုံတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သိန်းသိန်း(ပြန်/ဆက်)