လေးအိမ်တန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွား

မြင်းခြံ  ၁၄ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်က လျှပ်စစ်ရေးနွေးအိုးတည်ရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

mdn

 

မီးလောင်မှုမှာ မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ “ဗိုလ်ချုပ်” ဘုန်းတော်ကြီးကျောင်းရှိ ဦးသိန်းဝင်း(ဘွဲ့) ဦးသာသန (သက်တော် (၅၇) နှစ်) မှ လျှပ်စစ်ရေနွေးအိုးတည်ရာ အပူလွန်ကဲပြီး ကျောင်းအဆောက်အဦးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်သော မီးငြှိမ်းသတ်ယာဉ် (၁၀) စီး၊ ရေသယ်ယာဉ် (၂) စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ် (၂) စီး စုစုပေါင်း (၁၄) စီးဖြင့် မီးငြှိမ်းသတ်ခဲ့သည်။

 

mdn

 

အဆိုပါ မီးလောင်မှုကြောင့် ပေ(၁၂၀) ပေ(၆၀) ပင်မဆောင် ပျဉ်ထောင်ပျဉ်ခင်းသွပ်မိုး တစ်လုံး၊ ပေ(၁၀ဝ) ပေ(၆၀) ပျဉ်ထောင်ပျဉ်ခင်း ဆွမ်းစားဆောင်တစ်လုံးတို့ လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် ဦးပဉ္ဇင်း(၂)ပါး မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ မီးလောင်မှုဖြစ်ပွားသူ ဦးသိန်းဝင်း(ဘွဲ့) ဦးသာသနအား မြင်းခြံနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ဇော်မင်းနိုင်(မြင်းခြံ)