လေးမျက်နှာဒေသထွက်သဘာဝ ကျောက်ရေအိုးနှင့် ကျောက်မီးဖိုလုပ်ငန်း လုပ်ကိုင်သူများ ဝင်ငွေကောင်း

လေးမျက်နှာ ၇ ဇွန် 

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အနောက်ခြမ်း ကညင်တိုင်ကျေးရွာအုပ်စု ကျားခေါင်းတောင်တန်းက သဘာဝကျောက်အတိုင်းလုပ် ကျောက်ရေအိုး၊ ထင်းမီးဖို၊ မီးသွေးမီးဖို နဲ့ လွှစာမီးဖို တွေကို ရှေ့အဖိုး အဘွားတွေက အစကတည်းကလုပ်လာတာ မတွင်ကျယ်ခဲ့ပါဘူး အခုအချိန်ကျမှာ မီးဖိုသုံးစွဲသူတွေ ဈေးနှုန်းသက်သက် သာသာနဲ့ အသုံးများလာတော့အဆင်ပြေပြီး  အနယ်နယ်အရပ်ရပ်က  မှာယူတာတွေ ပိုများလာပါတယ်၊ အနီးအနားက ကျေးရွာတွေဖြစ်တဲ့ ကျောင်ကွင်း အောင်သာကွင်း၊ ကညင်တိုင်း၊ တောရွာကလူ တွေကဒီကိုလာလုပ်ကြတာပါ၊ တစ်နေ့ကို မီးဖိုလုပ်တာ ၁၀ လုံး ၁၂ လုံး ပြီးပါတယ်၊ မီးဖိုတစ်လုံးပြီးရင် (၈၀ဝ) ကျပ်ရပါတယ်၊ လုပ်အားခငွေ ရှစ်ထောင်ကနေ တစ်သောင်းအထိ ဝင်ငွေရှိတယ်  မီးဖိုလုပ်သူကနည်းတော့ ကုန်ကြမ်းကထင်သလောက်မရဘူး  ဖြန့်ဖြူးရတာ ကြန့်ကြာမူတွေရှိတယ်လို့ လုပ်ငန်းရှင် ဦးစိုးဦးက ပြောသည်။

 

လေးမျက်နှာမြို့နယ်က ဒေသထွက် သဘာဝကျောက်နဲ့လုပ်တဲ့ မီးဖိုတစ်လုံးကို ၁၆၀ဝ မှ ၂၀ဝ၀ အထိ ရောင်းရပြီး ကျောက်ရေအိုးက ၅၀ဝ၀ ကျပ်ကနေစပြီး အိုးသေး၊ အိုးလတ်၊ အိုးကြီး ဆိုပြီးတန်ဖိုး ကွာခြားတယ် အသုံးများတာက ဥသျှစ်ပင်၊ ဟင်္သာတ၊ အနောက်ဘက်၊ ငါးသိုင်းချောင်း၊  ကျုံပျော်၊  ရေကြည်နဲ့ အသုတ်တို့က အသုံးပြုများတယ်လို့ သိရသည်။

 

မင်းဇော်ဦး (ရေကြည်)