လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် ၁၉ လုံးအတွက် ထောက်ပံ့ငွေပေးအပ်

ကောလင်း  ၇ မေ  

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ လေပြင်းများတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် ၁၉ လုံးအတွက် ထောက်ပံ့ငွေ ၈၉၃၇၀၀ ကျပ် ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ကောလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။

 

ထိုသို့ပေးအပ်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ပြင်ဦးလွင်ရပ်ကွက်တွင် ၃ လုံး၊ ကျော်ဇေယျာ(၁) ရပ်ကွက်တွင် ၁ လုံး၊ ဆင်ကုန်းအုပ်စုတွင် ၁ လုံး၊ ကရာကုန်အုပ်စုတွင် ၃ လုံး၊ ဥက္ကံအုပ်စုတွင် ၃ လုံး၊ ကျောက်ပြင်သာအုပ်စုတွင်၂ လုံး၊ ကျွန်းတောအုပ်စုတွင် ၁ လုံး၊ တောင်မော်အုပ်စုတွင် ၂ လုံး၊ ပဒုမ္မာအုပ်စုတွင် ၁ လုံး၊ ကြာအင်းအုပ်စုတွင် ၂ လုံးအတွက် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့နိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ပြန်/ဆက်)