လေပြင်းတိုက်ခတ်မှုကြောင့် ကူးတို့စက်လှေနစ်မြုပ်မှုဖြစ်ပွား

ကျောက်ဖြူ ၇ ဇူလိုင်

 


ကျောက်ဖြူမြို့နယ်၊ ကင်းမြောက်ကျေးရွာအုပ်စု၊ ရွာကြီးကျေးရွာ၊ ကင်းကူးတို့ဆိပ်အနီး၊ ကင်းချောင်းအတွင်း ကူးတို့စက်လှေဖြတ်ကူးစဉ် လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့ နံနက်(၇)နာရီက စက်လှေရေနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ် ဘက်ဆိပ်ကမ်းမှ  စက်လှေမောင်း ဦးဘစိန် မောင်းနှင်လာသော စက်လှေပေါ်တွင် အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁၄)ဦး စုစုပေါင်း (၁၉)ဦးလိုက်ပါလာသော ကူးတို့စက်လှေသည် လေပြင်းတိုက်ခတ်မှုကြောင့် ရေနစ်မြုပ်ခဲ့ပြီး စက်လှေပေါ် လိုက်ပါသူများထဲတွင် ဦးမောင်ဝေသာ အသက်(၆၁)နှစ်သည် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကာ ကျန်ခရီးသည်များ ထိခိုက်ဒဏ်ရရှိမှု မရှိကြောင်းနှင့် စက်လှေမောင်း ဦးဘစိန်အား ရဲအုပ်အောင်ဇော်မင်းက တရားလိုပြုကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ဖြိုးဝေလင်း(ပြန်/ဆက်)