လီဒါအင်နဲ့ပတ်သက်ပြီး လီဆန်းဂီဘက်က တရားဝင်ထုတ်ဖော်ပြောကြား

လတ်တလောမှာ ချစ်သူတွေဖြစ်နေကြောင်း ပေါ်ထွက်ခဲ့တဲ့ တောင်ကိုရီးယား ကြယ်ပွင့်စုံတွဲသစ် လီဆန်းဂီနဲ့ လီဒါအင်တို့အကြောင်း မီဒီယာတွေက ဖော်ပြခဲ့ပြီးနောက် လီဆန်းဂီဘက်က သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ဘယ်လို့ ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ထပ်လောင်းအတည်ပြု လီဆန်းဂီနဲ့ လီဒါအင်တို့နှစ်ဦး ချိန်းဆိုတွေ့ဆုံ ခဲ့ကြတဲ့ ဓာတ်ပုံတွေကို ဒစ်ပက်ခ်က ထုတ်ဖော်ပြသခဲ့ပြီးနောက် လီဒါအင်ရဲ့ အေဂျင်စီက သူတို့နှစ်ဦး တွေ့ဆုံနေတာ အမှန်ပင် ဖြစ်ကြောင်း ဦးစွာ အတည်ပြုခဲ့တာပါ။ နောက်ပိုင်းမှာမှလီဆန်းဂီရဲ့ အေဂျင်စီက ဒီသတင်းတွေနဲ့ ပတ်သက်ပြီး မှန်ကန်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

လီဆန်းဂီဟာ သူ့ရဲ့ အနုပညာခရီးတစ်လျှောက် ၁၇ နှစ်ကြာ လက်တွဲလာခဲ့တဲ့ ဟွတ်အင်တာတိန်းမန့်နဲ့ မကြာသေးမီက လမ်းခွဲခဲ့ကာ တစ်ဦးတည်းအေဂျင်စီ တည်ထောင်လှုပ်ရှားသွားမှာဖြစ်ပါတယ်။ လီဒါအင် နဲ့ ချစ်သူတွေဖြစ်နေကြောင်း သူ့ဘက်က အတည်ပြုပြောကြားဖို့ နောက်ကျခဲ့ရခြင်းဟာ အေဂျင်စီသစ် တည်ထောင်တာနဲ့ပတ်သက်ပြီး အလုပ်များနေတာဖြစ်ကြောင်းလည်း လီဆန်းဂီကိုယ်စား သူ့ရဲ့ အေဂျင်စီဘက်က ပြောကြားခဲ့ပါတယ်။

လီဆန်းဂီရဲ့ အေဂျင်စီသစ်ကလီဒါအင်နဲ့ ချစ်သူတွေဖြစ်နေကြောင်း အတည်ပြုခဲ့ပေမယ့်အတည်မပြု ရသေးတဲ့ သတင်းအချက်အလက်တွေ၊ သတင်းမှားတွေ စတဲ့ ခန့်မှန်းရေးသားဖော်ပြမှုတွေနဲ့ပတ်သက် ပြီး ပရိသတ်တွေအနေနဲ့ သတိထားဖို့လည်း ထည့်သွင်းပြောကြားထားပါတယ်။

လီဒါအင်ဟာ လီဆန်းဂီရဲ့ အဘွားနဲ့ မကြာသေးမီက တွေ့ဆုံနှုတ်ဆက်ခဲ့တာ တွေ့ခဲ့ရပြီး အသက် ၃၄ နှစ်အရွယ် လီဆန်းဂီနဲ့ ၂၈ နှစ်ရှိပြီဖြစ်တဲ့လီဒါအင်တို့ဟာ မကြာမီမှာ မင်္ဂလာပွဲကျင်းပသွားဖို့ရာရှိနေ ကြောင်းလည်း သတင်းတွေ ပေါ်ထွက်နေတယ်လို့ သိရပါတယ်။

အေးပြည့်