လှိုင်းဘွဲမြို့နယ် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်

လှိုင်းဘွဲ     ဇူလိုင်    ၁၉

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌမှ ကျန်းမာရေး ဝန်ထမ်းများအတွက်  ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအလှူငွေများပေးအပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျန်းမာရေးဝန်ထမ်း များ   အခက်အခဲမရှိစေရန်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌမှ ပေးအပ်သော အလှူငွေကျပ်(၃)သိန်းကို လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉကဋ္ဌ ဦးဝင်းသန်းက မြို့နယ် ပြည်သူ့ဆေးရုံ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းထံ ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)