လှိုင်းဘွဲမြို့နယ် ထီးတာဟော်ကျေးရွာ သံကူကွန်ကရစ်တံတား ဆောက်လုပ်ခြင်းလုပ်ငန်း (၈၀)ရာခိုင်နှုန်းပြီးစီး

လှိုင်းဘွဲ ၁ ဒီဇင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   ကမ္ဘာ့ဘဏ်အကူအညီဖြင့်  အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ကွမ်တာကျေးရွာ အုပ်စု၊ ထီးတာဟော်ကျေးရွာ သံကူကွန်ကရစ်တံတား ဆောက်လုပ်ခြင်း အလျား ၂၁ ပေ၊  အနံ ၁၈ ပေ၊ အမြင့် ၁၀ ပေ လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေကျပ် (၂၃,၅၀၀,၀၀၀) ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်နေရာတွင် (၈၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း  သိရသည်။

 

အဆိုပါ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများက ကြီးကြပ်မှု၊ ပြည်နယ်အင်ဂျင်နီယာ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်အင်ဂျင်နီယာနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းပြီးစီးပါက ထီးတာဟော်ကျေးရွာမှ အိမ်ထောင်စု (၄၁)စု၊ လူဦးရေ (၂၇၀) အတွက် လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်မည် ဖြစ်ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)