လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြု ဆေးရုံသုံးပစ္စည်းများ လှူဒါန်း

လှိုင်းဘွဲ   -    မေ ၁၁

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြု ဆေးရုံသုံးပစ္စည်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍  လာရောက်လှူဒါန်းခဲ့ကြသည်။

 

လှိုင်းဘွဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ အသုံးပြုနိုင်ရန်အတွက် လိုအပ်နေသော ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘားအံမြို့ခြေတု လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနက Face Shield  ခုရေ ၃၀၀ ၊ မြန်မာနိုင်ငံခရစ်ယာန် အသင်းမှ Hand Gel (၂၅)ဘူး ၊ Hand Wash (၁၀၀)ဘူး ၊ Surgical Mask  ခုရေ (၉၀)၊ လှိုင်းဘွဲ တပ်နယ်မှ ဦးဆောင်၍ ခမရ(၂၈)မှ ဆေးကုသနေသော လူနာများနှင့်ဝန်ထမ်းများအတွက် ကြက်ဉ(၁၀၀)လုံး၊ ဌက်ပျောသီး(၄)ဖီး၊ ခေါက်ဆွဲ(၂)ဖာ တို့ကို အသီးသီးလာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)