လှိုင်းဘွဲမြို့နယ်၌ ဒေသခံပြည်သူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

လှိုင်းဘွဲ    ၁၄      ဇူလိုင်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဒေသခံ ပြည်သူများအား Social Distancing နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

mdn

 

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်  ဦးဆောင်၍ ဝန်ထမ်းများက ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကာလ နီးကပ်လာသဖြင့် လှိုင်းဘွဲမြို့နယ်၏ အခြေခံ မဲစာရင်းများ ကြိုတင်ထားရှိရန်၊ မဲဆန္ဒရှင်များ စာရင်းတွင် ကိုင်ဆောင်လက်မှတ်နေရာ၌ ကွက်လပ်များဖြစ်ပေါ်လျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်ပြီးသူများအား ၎င်းတို့ ကိုင်ဆောင်ထားသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြန်လည်ဖြည့်သွင်းပေးခြင်း၊ လက်မှတ် ကိုင်ဆောင်ထားခြင်း မရှိသူများကို မြန်မာနိုင်ငံသား ဉပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့်ကျေးရွာများအရောက်ကွင်းဆင်း၍  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်( ပြန်/ဆက် )