လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာများ၌ မွေးမြူရေးလုပ်ငန်းများဆိုင်ရာ သင်တန်းဖွင့်လှစ်

လှိုင်းဘွဲ၊ ၂၅ ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် World Vision Myanmar တို့ ပူးပေါင်း၍ ကျေးလက်နေပြည်သူများ မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မွေးမြူနိုင်ရန် ရည်ရွယ်၍ အခြေခံ မွေးမြူရေး သင်တန်းကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက World Vision Myanmar ရုံး၌ ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းကို မွေးမြူရေးလုပ်ငန်းများ စနစ်တကျမွေးမြူနိုင်ရန်အတွက် GAHP(Good Animal Health Prodcuction)၊ မျိုးကောင်း မျိုးသန့်များ ရရှိနိုင်သော AI သားဆက်နည်း၊ တိရစ္ဆာန်များ မွေးမြူရာတွင် ကာကွယ်/ကုသရေး လုပ်ငန်းစဉ်များ၊ တစ်ပိုင်တစ်နိုင် မွေးမြူရေး၊ စီးပွားဖြစ် မွေးမြူရေး၊ အစာရှာပါးဒေသများတွင် မြက်ချဉ်ပြုဖတ် ပြုလုပ်နည်း စသည့် ကြက်၊ ဝက်၊ ဆိတ် မွေးမြူကုသရေး လုပ်ငန်းများကို ဇန်နဝါရီ ၂၅ ရက်မှ ၂၉ ရက်အထိ သင်တန်းသား သင်တန်းသူ ၃၅ ဦးဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)