လှိုင်းဘွဲမြို့နယ်တွင် Covid-19 အစီအစဉ်ဖြင့် တောင်သူများအား တစ်ဧကလျှင် ငါးသောင်းထပ်မံထုတ်ချေးပေးလျက်ရှိ

လှိုင်းဘွဲ  ၂၇  ဇွန်

Covid-19 ကာလအတွင်း တောင်သူများ စိုက်ပျိုးရေးတွင် အဆင်ပြေစေရန် Covid ချေးငွေကို လှိုင်းဘွဲမြို့နယ် အတွင်းရှိ တောင်သူများအား တစ်ဧကလျှင် ငါးသောင်းနှုန်းဖြင့် စိုက်ပျိုးဧကအပေါ် အခြေခံ၍ ဇွန် ၂၆ ရက်နေ့မှစတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်း လှိုင်းဘွဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို တစ်နှစ်လျှင် အတိုး()ရာခိုင်နှုန်းဖြင့် ဇွန်လမှစက်တင်ဘာလအထိ  ထုတ်ချေးပေးသွားမည်ဖြစ်ပြီး တောင်သူတစ်ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကာ ၂၀၂၁  ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့အတွင်း ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။

Covid အထူးချေးငွေဖြင့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ရန်ပုံငွေ(၆၀၀)ဘီလီယံခွင့်ပြုထားရာ လှိုင်းဘွဲမြို့နယ်အတွင်းရှိ တောင်သူ(၉၆၆)ဦးမှ စိုက်ပျိုးဧက(၈၄၄၀)ဧက အတွက် ငွေကျပ်(၂၁၈)သန်း ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးသိန်းဇော်ထံမှ သိရသည်။

Covid ချေးငွေသည် လယ်(သို့မဟုတ်)ယာ ဖြစ်ဖြစ် စိုက်ဧကပေါ် အခြေခံပြီး ထုတ်ချေပေးသွားမည်ဖြစ်ပြီး မြေတစ်မျိုးအတွက် တစ်ကြိမ်သာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် အချိန်ပြည့် ကြွေးကျေတောင်သူများသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)