လှိုင်းဘွဲမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးရန် မလာရောက်နိုင်သော မဲဆန္ဒရှင်များအား အိမ်တိုင်ရာရောက် ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်

လှိုင်းဘွဲ ၆ နိုဝင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်  အောက်တိုဘာ ၂၉ ရက်နေ့တွင် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အသက်(၆၀)နှစ်အထက် ကျန်းမာရေး မကောင်း၍ ကြိုတင်ဆန္ဒမဲပေးရန် မလာရောက်နိုင်သော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ (ခ)ရပ်ကွက်၌  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

20201105_10535

 

အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မဲရုံအဖွဲ့ဝင်များ၊ အထူးရဲတပ်တပ်ဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များက အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ နာမကျန်းဖြစ်နေသူများ၊ ကလေးမီးဖွားနေသူများ၊ မသန်စွမ်းသူများအား မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ရွေ့လျားဆန္ဒမဲပေး စနစ်ဖြင့် အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းများကို မဲရုံများအလိုက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

 

 20201105_105600