လှိုင်းဘွဲမြို့နယ်တွင် “မိမိအခွင့်အရေးမဆုံးရှုံးစေဖို့ မဲစာရင်းကြည့်ကြစို့” နံရံကပ်စာစောင်များပြသ

လှိုင်းဘွဲ ၁ ဩဂုတ်

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်စေရန် မိမိအခွင့်အရေးအဆုံးရှုံးဖို့ မဲစာရင်းကြည့်ကြစို့ နံရံကပ်စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့သည်။

 

အဆိုပါနံရံကပ်စာစောင်များတွင် နိုင်ငံတော်၏ တိုင်းကျိုးပြည်ပြု မှတ်တမ်းဓာတ်ပုံများ၊ မကြာခဏ မေးလေ့မေးထ ရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်စာရင်းကပ်ထားခြင်း ပထမအကြိမ်နှင့် ဒုတိယ အကြိမ် ရက်စွဲများ အစရှိသည့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မဲစာရင်းတွင် မပါဝင်ပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို ပြသထားလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)