လွိုင်လင်၊ နမ့်စန်နှင့် လဲချားမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၂၆ ဧက ဖျက်ဆီး

နေပြည်တော် ၉ နိုဝင်ဘာ

 

ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၈ ရက်တွင် လွိုင်လင်မြို့နယ်၊ နမ့်မွန်ကျေးရွာ၏ အရှေ့ဘက် ၁ ဖာလုံခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၇ ဧကခန့်၊ ကောင်းဖိုက်ကျေးရွာ၏ အရှေ့ တောင်ဘက် ၃ ဖာလုံခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၈ ဧကခန့်နှင့် တောင်နောက်ကျေးရွာ၏ အရှေ့တောင်ဘက်၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂ ဧကခန့်တို့အား ဖျက်ဆီးခဲ့သည်။

 

အလားတူ နမ့်စန်မြို့နယ်၊ ဝမ်ခိုင်းကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ/ခြစ်ဆဲ ဘိန်းခင်း ၈ ဧကခန့် လဲချားမြို့နယ်၊ နားဟီးကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁ ဧကခန့် သက်ဆိုင်ရာရဲတပ်ဖွဲ့များမှ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)

 

12.0