လွိုင်လင်၊ ပင်လောင်း၊ ဖယ်ခုံနှင့် လဲချားမြို့နယ်တို့၌ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘိန်းခင်းများ ဖျက်ဆီး

နေပြည်တော် ၃   နိုဝင်ဘာ

 

လွိုင်လင်မြို့နယ်၊ လွယ်တပ်ကျေးရွာနှင့် ကောင်းမှုကျေးရွာ၏ အနီးတစ်ဝိုက်တို့၌ နိုဝင် ဘာ ၂ ရက်က အမြင့် ၂ ပေခန့် သီးပွင့်ဆဲ ဘိန်းခင်း ၁၇ ဧက ၊ လုံအောင်ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာအမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂ ဧက  ၊ လုံအောင်ကျေးရွာ၏ အနောက်ဘက် ၅ မိုင်ခန့်အကွာ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂ ဧက ၊ ပင်လောင်းမြို့နယ်၊ ပင်သလဲကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၂၅ ဧက ၊ ဖယ်ခုံမြို့နယ်၊ လတိန်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာအမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၂၅ ဧက ၊ လဲချားမြို့နယ်၊ နမ့်မင်ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ အမြင့် ၃ လက်မခန့်ရှိ ဘိန်းခင်း ၁ ဒသမ ၅ ဧကခန့်တို့အား သက်ဆိုင်ရာ ရဲစခန်းများက တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN