လွိုင်လင်မြို့နယ်၌ ဘိန်းစိုက်ခင်း ၁၅.၅ ဧကခန့် ဖျက်ဆီး

နေပြည်တော် ၈ နိုဝင်ဘာ

 

လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၇ ရက်တွင် လွိုင်လင်မြို့နယ်၊ ပန်ဟူးကျေးရွာအရှေ့ ၂ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁.၅ ဧက၊ ပန်ဟူးကျေးရွာ မြောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅ ဧက၊ တောင်နောက်ကျေးရွာအရှေ့ဘက်၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၄ ဧကခန့်နှင့် မောက်ကျင်ရွာ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅ ဧက ခန့်၊ စုစုပေါင်း(၁၅.၅)ခန့်တို့အား ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)