လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း ၄၀ဝ၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၁၈ ဒီဇင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲက လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု၊ ပန်ဝိုးကျေးရွာအနီး၊ တောလမ်းတွင် ယောနသန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ ရှဲဖုမောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ထို့အတူ ကျာမူး မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ အလားတူ ကြာဂ မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယောနသန်၊ ရှဲဖု၊ ကျာမူး၊ ကြာဂ တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား