လိုင်လင်းပီမြို့၌ (၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

လိုင်လင်းပီ ၉  ဇန်နဝါရီ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ (၁) နှစ်အောက် ကလေးငယ်များအား ဇန်နဝါရီ ၉ ရက် နံနက်  ၁၀ နာရီတွင် ကျေးလက်ကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ် ဆေးထိုးနှံပေးကြသည်။

ပုံမှန်ကာကွယ်ဆေးအဖြစ် ပိုလီယို အစက်ချဆေး တိုက်ကြွေးခြင်း၊ IPV ထိုးဆေးနှင့် ငါးမျိုးစပ်ကာကွယ်ဆေးများကို ထိုးနှံပေးကြကြောင်း သိရသည်။

ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များကို သွေးပေါင်ချိန်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာဟောပြောပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြို့(ပြန်/ဆက်)

 

mdn