လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၌ အလှဆင်မီးများမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ရန်ကုန် ၁၅ ဇွန်           

 

ရန်ကုန်အနောက်ပိုင်းခရိုင်  လှိုင်မြို့နယ်  အမှတ်(၁)ရပ်ကွက်၊ လှိုင်မြစ် (၁)လမ်းရှိ အိမ်အမှတ်(၁၈) တွင် နေထိုင်သော အိမ်ရှင် ဦးကျော်သန့်ဇင်ထွန်း(၄၇)နှစ်၏ နေအိမ်တိုက်ခန်း၌ ယနေ့ နံနက် ၁ နာရီ မိနစ် ၂၀ ခန့်က  အလှဆင်မီးများ ဝါယာရှော့ ဖြစ်၍ အလှဆင်မီး၊ မီးကြိုး၊ နံရံကပ်ပန်ကာနှင့် အဝတ်ပုံဟောင်းများသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ လှိုင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ကားများ လာရောက်စဉ် လှိုင်မြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ ဘူတာရုံလမ်းထိပ်နှင့် အောင်မာဃလမ်းထိပ်ရှိ ဆက်သွယ်ရေးကြိုးအား မီးသတ်ကားဖြင့် ဝင်ချိတ်မိသဖြင့် အောင်မာဃလမ်းထိပ်ရှိ ဆက်သွယ်ရေးတိုင်သည် ခါးလယ်မှ ကျိုးကျခဲ့ကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင် ဦးကျော်သန့်ဇင်ထွန်းအား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ကြည်ဇေသော် (ပြန်/ဆက်)