လှိုင်မြို့နယ်တွင် သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များအား Mobile Market စျေးရောင်းယာဉ်များဖြင့်လာ​ရောက်ရောင်းချ​ပေးလျက်ရှိ

ရန်ကုန်  ၂  ဒီဇင်ဘာ      

 

ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များကို  ပြည်သူများ အလွယ်တကူဝယ်ယူရရှိနိုင်ရန် အတွက် ယနေ့ နံနက် ၇ နာရီက အမှတ်(၁၀) ရပ်ကွက်  ကန်လမ်း  လှိုင်မြင့်မိုရ်အိမ်ရာတွင်   ကားရှစ်စီးဖြင့်   လာရောက်ရောင်းချပေးခဲ့ကြောင်း   သိရသည်။

 

ထိုသို့  ရောင်းချရာတွင်  လှိုင်မြို့နယ်အတွင်း  အမှတ်(၁၀)ရပ်ကွက်ရှိ  လှိုင်မြင့်မိုရ်အိမ်ရာ​နေ ပြည်သူများကို ​​စျေးနှုန်းချိုသာစွာ ရောင်းချ​ပေးခဲ့ပြီး​ နောက်ရက်များတွင်​ စျေးနှင့်​ဝေး၍ အိမ်​ထောင်စုများ​သော ရပ်ကွက်များသို့လည်း  အလှည့်ကျသွားရောက်  လှည့်လည်ရောင်းချပေးသွားမည်ဖြစ်သည်။

 

အဆိုပါ Mobile Market အား မြို့နယ်စည်ပင်သာယာ​ရေးကော်မတီနှင့်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီးမြို့နယ်အတွင်းရှိ လွှတ်​တော်ကိုယ်စားလှယ် များ၊ မြို့နယ်စည်ပင်သာယာ​​ရေး​ကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက အားပေးကူညီ​ပေးခဲ့ကြကြောင်း သိရသည်။ ယခုကဲ့သို့ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန် များကို ရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည်ရောင်းချပေးမှုကို ရပ်ကွက်နှင့်အိမ်ရာများသို့ အလှည့်ကျ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကြည်​​​ဇေ​သော်(ပြန်/ဆက်)