လှိုင်သာယာ ဒဂုံဧရာအဝေးပြေးဝန်းတွင် ခရီးသည် လုခေါ်ရာမှ ဓါးထိုးမှုဖြစ် 

လှိုင်သာယာ  ၁  သြဂုတ်

လှိုင်သာယာမြို့ ဒဂုံဧရာအဝေးပြေးဝန်းထိပ်တွင် ခရီးသည်လုခေါ်ရာမှ စကားများကာ ဓါးထိုးမှုဖြစ်ပွားကြောင်း သိရသည်။ 

လူတစ်ဦးလဲကျသေဆုံးနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာက အခင်းဖြစ်နေရာသို့ ချက်ခြင်းသွားရောက် စစ်ဆေးခဲ့ရာ သေဆုံးနေသူမှာ ရဲမင်းအောင် ဖြစ်ပြီး ၎င်းသည် ဒဏ်ရာများဖြင့် လဲကျသေဆုံးနေခြင်းဖြစ်သည်။ အနီးဝန်းကျင်ရှိ မြင်တွေ့သူများအား မေးမြန်းစစ်ဆေးရာ သေဆုံးသူနှင့် ပြောင်ညို (ခ) သူရအောင် တို့သည်  ဒဂုံဧရာ အဝေးပြေးဝန်းထိပ်တွင် ခရီးသည် လုခေါ်ရာမှ အချင်းချင်း အပြန်အလှန် စကားများပြီး ဓါးဖြင့်ထိုးခြင်းဖြစ်ကြောင်း သိရကာ ကျူးလွန်သူ ပြောင်ညို (ခ) သူရအောင်မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စစ်ဆေးသိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ ပြောင်ညို (ခ) သူရအောင် အား သောင်ကြီးနယ်မြေရဲစခန်းမှ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

MDN