လှိုင်သာယာ မြို့နယ်၌ လမ်းများကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှုအား  ကွင်းဆင်းကြည့်ရှု

ရန်ကုန်  ၁၇  ဇူလိုင် 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၆)ရပ်ကွက်၌   လမ်းကွန်ကရစ်ခင်းခြင်း ဆောင်ရွက်ရန်နှင့် လမ်းများကွန်ကရစ်ခင်းဆောင်ရွက်ပြီးစီးမှုများအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်()တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင် EO ဦးသိန်းလွင်၊ ရပ်/ကျေး အလုပ်အမှုဆောင်နှင့်  တာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆိုမှုကြောင့် တိုင်းဒေသကြီးအစိုးရမှ စီမံဆောင်ရွက်ပေးမှုဖြင့် (၂၀၁၉၂၀၂၀) တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် မိုးရာသီတွင် အများပြည်သူသွားလာရေး အဆင်ပြေစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၆)ရပ်ကွက်ရှိ သူရိယလမ်း ကွန်ကရစ်ခင်းရန် ဆောင်ရွက်နေမှု၊ ရွှေသဇင်လမ်း၊ ဇေယျာသီရိ(၆)လမ်း၊ မင်းတပ်(၁)လမ်း၊ မင်းတပ်(၂)လမ်း၊ မင်းတပ်(၃)လမ်းများ ကွန်ကရစ်ခင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း