လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် ဝေပုလ္လ(၆)လမ်း၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်   ၂၅  ဇူလိုင် 

ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက် ဝေပုလ္လ(၆)လမ်းတွင် ယနေ့ နံနက် ၁၁ နာရီက  ဝိုင်ယာရှော့ဖြစ်ပြီး မီးလာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုမှာ အဆိုပါလမ်းနေဦးသန်းဆွေ၏ နေအိမ်မှ စတင်ပြီး ဝိုင်ယာရှော့ဖြစ်၍ မီးလောင်ခဲ့ပြီး  ၎င်းအိမ်ခေါင်းရင်းရှိ အိမ်ရှင် ဒေါ်ဝင်းမော် မိသားစု (၄)ဦးနေထိုင်သည့် (၁၀)ပေအိမ် တစ်လုံးပါ မီးကူးစက်လောင်ခဲ့ကာ  လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)