လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အခြေခံအိမ်ထောင်စု (၅၀၀)အား ဆန်၊ ဆီ၊ ကြက်သွန်များ ပေးအပ်လှူဒါန်း

လှိုင်သာယာ ၆ မေ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အပြင်ပဒံကျေးရွာရှိ အခြေခံအိမ်ထောင်စု (၅၀၀)အား ယနေ့နံနက် ၁၁ နာရီက ဆန်၊ ဆီ၊ ကြက်သွန်များကို လှိုင်သာယာမြို့နယ်  အမှတ်(၂)တိုင်းဒေသကြီး လွှတ်‌တော်ကိုယ်စားလှယ်   ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ စည်ပင် EO ဦးသိန်းလွင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့မစခန်းမှူး ဒုရဲမှူးခင်မောင်ထွန်း၊ အပြင်ပဒံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းကြောင်း သိရသည်။

 

အဆိုပါ ဆန်၊ ဆီ၊ ကြက်သွန်များ ပေးအပ်လှူဒါန်းရာတွင် အပြင်ပဒံကျးရွာရှိ အခြေခံအိမ်ထောင်စု (၅၀၀)အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၄)ပြည်၊ ဆီ(၅၀)သား၊ ကြက်သွန်နီ (၁)ပိဿာကို အိမ်တိုင်ရာရာက် ‌ပေးအပ်လှူဒါန်းခဲ့ပြီး လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စု (၈၇၇၂)စုအား ထပ်မံပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြာင်း သိရသည်။

 

မြသန္တာဝင်း(ပြန်/ဆက်)