လိုင်ယွန်တောင်ပံကစားသမား ရှာကွီရီကို မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်း ခေါ်ယူ

မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းသည် လိုင်ယွန်အသင်းမှ ဆွစ်ဇာလန်တောင်ပံကစားသမား ရှာကွီရီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ ဩဂုတ်လတွင် လီဗာပူးအသင်းမှ လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သော အသက် ၃၀ အရွယ် ရှာကွီရီသည် ချီကာဂိုအသင်းနှင့် ၂၀၁၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ရှာကွီရီကို အသင်းသို့ခေါ်ယူပြီးနောက် ချီကာဂိုအသင်း အားကစားဒါရိုက်တာတစ်ဦးဖြစ်သူ ဂျော့ဟိုက်ဇ်က “ရှာကွီရီဟာ ပွဲတစ်ပွဲရဲ့ အဖြေကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦး ဖြစ်တယ်” ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ ရှာကွီရီသည် လီဗာပူးအသင်း၌ ကစားစဉ်အတွင်း ပရီမီယာလိဂ် ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးရရှိထားသည်။

အောင်ဇော်