လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အသင်းများအတွက် နိုင်ငံတကာခြေစမ်းပွဲများကစားရန် စီစဉ်

၁၉ ဇွန်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် လက်ရွေးစင်နှင့် လူငယ် လက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်းများအတွက် နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။

မြန်မာဘောလုံးအသင်းများသည် ဇူလိုင်မှ ဒီဇင်ဘာအထိ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီးအသင်း၊ ယူ-၂၂ အမျိုးသားအသင်း၊ ယူ-၁၈ အမျိုးသားအသင်း၊ ယူ-၁၅ အမျိုးသားအသင်း၊ ယူ-၁၉ အမျိုးသမီးအသင်းတို့မှာ ၂၀၁၉ လက်ကျန်ကာလများတွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ၊ ယူ-၂၂ အမျိုးသားအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ၊ ယူ-၁၈ အမျိုးသားအသင်းသည် အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲ၊ ယူ-၁၅ အမျိုးသားအသင်းသည် အာဆီယံ ယူ-၁၅ ပြိုင်ပွဲနှင့် အာရှ ယူ-၁၆ ခြေစစ်ပွဲ၊ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်ထားသည့် အာရှ ယူ-၁၉ ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာအသင်းများ ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲတိုင်းနှင့် ခြေစစ်ပွဲများမှာ အရေးပါနေသောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြိုင်ပွဲတစ်ခု မယှဉ်ပြိုင်မီတိုင်း နိုင်ငံတကာခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေးခရီးစဉ်များ သွားရောက်ကစားနိုင်ရန် စီစဉ်လျက်ရှိသည်။

မြန်မာဘောလုံးအသင်းများသည် ဇူလိုင်မှ ဒီဇင်ဘာအထိ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီးအသင်း၊ ယူ-၂၂ အမျိုးသားအသင်း၊ ယူ-၁၈ အမျိုးသားအသင်း၊ ၁၅ အမျိုးသားအသင်း၊ ယူ-၁၉ အမျိုးသမီးအသင်းတို့မှာ ၂၀၁၉ လက်ကျန်ကာလများတွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ၊ ယူ-၂၂ အမျိုးသား အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲ၊ ယူ-၁၈ အမျိုးသားအသင်းသည် အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် အာရှ ယူ-၁၉ ခြေစစ်ပွဲ၊ ယူ-၁၅ အမျိုးသားအသင်းသည် အာဆီယံ ယူ-၁၅ ပြိုင်ပွဲနှင့် အာရှ ယူ-၁၆ ခြေစစ်ပွဲ၊ ယူ၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲ အောင်ထားသည့် အာရှ ယူ-၁၉ ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာအသင်းများ ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲတိုင်းနှင့် ခြေစစ်ပွဲများမှာ အရေးပါနေသောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ပြိုင်ပွဲတစ်ခု မယှဉ်ပြိုင်မီတိုင်း နိုင်ငံတကာ ခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေးခရီးစဉ်များ သွားရောက်ကစားနိုင်ရန် စီစဉ်လျက်ရှိသည်။ 

ယင်းပြိုင်ပွဲများအနက် အာရှ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသားခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲမှာလည်း အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် အိမ်ကွင်းပွဲများကို ပရိသတ်များ ကြည့်ရှုအားပေးနိုင်မည် ဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲများတွင် အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရယူနိုင်ရန် ရည်ရွယ်ပြင်ဆင်နေခြင်း ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - ဖိုးသော်ဇင်