လက်ရှိစပိန်လာလီဂါချန်ပီယံ အက်သလက်တီကိုမက်ဒရစ်အသင်း အမှတ်ပေးဇယားအောက်ဆုံးက လီဗန်တေးအသင်းကို ရှုံးနိမ့်

စပိန်လာလီဂါပွဲစဉ်(၂၄) အဖြစ် ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက် တီကိုမက်ဒရစ်အသင်းနဲ့ လီဗန် တေးအသင်းတို့ပွဲစဉ်မှာ လီဗန်တေးအသင်းဟာ အက်သလက်တီ ကို မက်ဒရစ်အသင်းကို တစ်ဂိုး-ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လက်ရှိ စပိန်လာလီဂါချန်ပီယံ အက်သလက်တီကို မက်ဒရစ်အသင်းဟာ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတဲ့ လီဗန်တေးအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ် ပေးဇယားအဆင့်(၄)နေရာ တက်လှမ်းနိုင်မယ့်အခွင့်အရေးနဲ့ လွဲခဲ့ရတာလည်းဖြစ်ပါတယ်။ အခုပွဲစဉ်မှာ လီဗန်တေးအသင်းဟာ ဒုတိယပိုင်းပွဲကစားချိန် ၅၄ မိနစ်မှာ မီလီရိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး လီဗန်တေးအသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းကို အနိုင်ရရှိခဲ့ ပေမယ့် ၂၄ ပွဲကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၁၄ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

ငွေကြယ်