လက်ထပ်လိုက်ပြီဖြစ်တဲ့ ဝိန်းဂျွန်ဆင်

၂၀  သြဂုတ်

ကျော်ကြားတဲ့ ဟောလိဝုဒ်မင်းသားကြီး ဝိန်းဂျွန်ဆင်ဟာ လတ်တလောမှာ လက်ထပ်လိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့သတို့သမီးကတော့ သူနဲ့ အချိန်အတော်ကြာ လက်တွဲလာ ခဲ့တဲ့ချစ်သူ လော်ရန်ဟာရှီယန်ဖြစ်တယ်လို့အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

လတ်တလောမှာ အသက် ၄၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့မင်းသားက သူ့ရဲ့ မင်္ဂလာသတင်းကို ဩဂုတ် ၁၉ ရက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်ပေါ်ကနေတစ်ဆင့် ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဝိန်းဂျွန်ဆင်က မင်္ဂလာပွဲမှ ဓာတ်ပုံအချို့ကို ဖော်ပြခဲ့ပြီး မင်္ဂလာအခမ်းအနားကိုတော့ ဟာဝိုင်ရီမှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်

ဒီမင်္ဂလာပွဲအပေါ် ပရိသတ်တွေက ဆုတောင်းစကား တွေ ရေးသားဖော်ပြခဲ့ကြသလို ကြယ်ပွင့်တွေကလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသား ဖော်ပြခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဝိန်းဂျွန်ဆင်နဲ့ လော်ရန်ဟာရှီယန်တို့ဟာ လက်ရှိမှာ သမီးလေးနှစ်ဦး ရရှိခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း သမီးလေးတစ်ဦး မွေးဖွားခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ဧပြီလ အတွင်းမှာလည်း နောက်ထပ်သမီးလေးတစ်ဦး ထပ်မံမွေးဖွားခဲ့တာ ဖြစ်ပါတယ်။

အေးပြည့်